ရန်ကုန် ဩဂုတ် ၆
၂၀၂၅-၂၀၂၆ ရာသီ MFF ဖူဆယ်လိဂ်-၂ ပြိုင်ပွဲဝင်ခွင့်အတွက် ခြေစစ်ပွဲ ပထမနေ့ကို ဩဂုတ် ၆ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ကျင်းပရာ Maryar NOKA အသင်းက King Cobra အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
Maryar NOKA အသင်းသည် ဂိုးပြတ်အနိုင်ရလဒ်ကြောင့် ခြေစစ်ပွဲအောင်မြင်ရန် အခြေအနေ ကောင်းသွားသည်။ Maryar NOKA အသင်းအတွက် ဂိုးများကို ၂၊ ၂၄ မိနစ်တွင် နေမျိုးသက်၊ လေးမိနစ်တွင် ဇင်မင်းသူနှင့် ၁၉ မိနစ်တွင် နိုင်လင်းထွန်းက သွင်းယူပြီး King Cobra အသင်း အတွက် ချေပဂိုးတစ်ဂိုးကို ၁၅ မိနစ်တွင် ဟိန်းသူဟန်က သွင်းယူသည်။
ခြေစစ်ပွဲတွင် အသင်းသုံးသင်း ယှဉ်ပြိုင်နေပြီး အမှတ်အများဆုံး နှစ်သင်း ခြေစစ်ပွဲအောင်မြင်မည် ဖြစ်ကာ ဒုတိယနေ့အဖြစ် ဩဂုတ် ၇ ရက်တွင် King Cobra အသင်းနှင့် P.S. Star အသင်း ယှဉ်ပြိုင်မည်ဖြစ်သည်။
အလင်းအိမ်၊ ဓာတ်ပုံ-MFF


