ရန်ကုန်    ဩဂုတ်     ၆

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်က ကြီးမှူး၍ Burmese Golf (BG)၏  အဓိကကူညီပံ့ပိုးမှုဖြင့်  ကျင်းပသော   Burmese Golf Amateur Open ဂေါက်သီးရိုက်ပြိုင်ပွဲ  တတိယနေ့ကို  ဩဂုတ် ၆ ရက်က ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)၌ ဆက်လက်ကျင်းပသည်။

တတိယနေ့အပြီးတွင် ကောင်းထိုက်ဇော်က သုံးရက်ပေါင်း ရိုက်ချက် ၂၀၉ ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် ခုနစ်ချက်လျော့ရိုက်ကာ ထိပ်ဆုံးတွင် ဦးဆောင်ယှဉ်ပြိုင်လျက်ရှိပြီး  ကျော်ကိုကိုချစ်က  သုံးရက်ပေါင်းရိုက်ချက် ၂၂၁ ချက်ဖြင့် ဒုတိယနေရာ၊ ချစ်ရင်ထူးက စုစုပေါင်း ရိုက်ချက် ၂၂၃ ချက်ဖြင့် တတိယနေရာတို့တွင် ရပ်တည်လျက်ရှိသည်။ 

ယခုပြိုင်ပွဲကို ဂေါက်သီးအားကစားသမားများ၏ လက်ရည်အဆင့်အတန်း တိုးတက်လာစေရန်နှင့် နိုင်ငံတကာအဆင့်မီ ယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲနောက်ဆုံးနေ့ကို ဩဂုတ် ၇ ရက်  ဆက်လက်ကျင်းပမည်ဖြစ်သည်။

သတင်း-ကိုညီလေး၊ ဓာတ်ပုံ-MGF