ဩဂုတ် ၇
ရုရှားနိုင်ငံ ကမ်ချက်ကာကျွန်းဆွယ်တွင် ကလျူချဗ်စကီမီးတောင်အတွက်လေကြောင်းသတိပေးချက်ကို ပြင်းထန်သော မီးတောင်လှုပ်ရှားမှုပြီးနောက် လိမ္မော်ရောင်မှ အနီရောင်သို့ အဆင့်မြှင့်တင်လိုက်ကြောင်း ဒေသအာဏာပိုင်များက ယနေ့တွင်ပြောကြားသည်။
၎င်း၏ တယ်လီဂရမ်ရုပ်သံလိုင်းမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ရုရှားသိပ္ပံအကယ်ဒမီ၏ အရှေ့ဖျားဌာနခွဲရှိ မီးတောင်နှင့် ငလျင်ဗေဒသိပ္ပံ၏ မီးတောင်ပေါက်ကွဲမှု တုံ့ပြန်ရေးအဖွဲ့ (KVERT)က မီးတောင်၏အရှေ့-အရှေ့တောင်ဘက် ၁၄၁ ကီလိုမီတာခန့်တွင် ပြာမှုန်များလွင့်စင်လာပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၉ ဒသမ ၅ ကီလိုမီတာ အထိ ပြာမှုန်များမြင့်တက်လာကာ မီးတောင်ပေါက်ကွဲမှုလတ်တလောဖြစ်ပေါ်နေဆဲဖြစ်ကြောင်း ပြောကြားသည်။
ပင်လယ်ရေမျက်နှာပြင်အထက် ၁၀ ကီလိုမီတာအကွာတွင် ပြာမှုန်ပေါက်ကွဲမှုများ အချိန်မရွေးဖြစ်ပေါ်နိုင်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ လေယာဉ်များအနိမ့်ပျံသန်းရာတွင် ထိခိုက်နိုင်သည်ဟု ကေအင်န်ဗွီအီးအာတီက သတိပေးထားသည်။
ကလျူချဗ်စကာမီးတောင်သည် ၄၇၅၄ မီတာခန့်အကွာတွင်တည်ရှိပြီး ယူရေးရှားတွင်အမြင့်ဆုံးမီးတောင်ဖြစ်သည်။ ပြီးခဲ့သည့်သီတင်းပတ်က ကမ်ချက်ကာကျွန်းဆွယ်အနီးတွင် ပြင်းအား ၈.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက်တွင် မီးတောင်ပေါက်ကွဲမှုများ ပိုမိုပြင်းထန်လာခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


