ပလောက် ၁၃ မတ်
တနင်္သာရီတိုင်ဒေသကြီး မြိတ်ခရိုင် ပလောက်မြို့ ပြည်သူ့ဆေးရုံ၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ CSR အစီအစဉ်ဖြင့် (၂)နှစ်တာ Wi-Fi(Data SIM)အင်တာနက် အခမဲ့ တပ်ဆင်ပေးခြင်းကို မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ပြည်သူ့ဆေးရုံ၌ တပ်ဆင်ပေးခဲ့သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သဘောတူညီချက်နှင့်အတူ Wi-Fi(Data SIM) အင်တာနက်ကို ပုလောမြို့ဆက်သွယ်ရေးလုပ်ငန်းမှ ပလောက်မြို့ပြည်သူ့ဆေးရုံတွင် (၁၃-၃-၂၀၁၉)မှ (၁၂-၃-၂၀၂၁)အထိ တစ်လလျှင် (10G)ဒေတာပမာဏဖြင့် (၂) နှစ်တာ ချိတ်ဆက်ဆောင်ရွက်ပေးမည့် Wi-Fi(Data SIM)အင်တာနက် ဆက်စပ် စက်ပစ္စည်းများကို ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများထံပေးအပ်၍ ဆက်သွယ်ရေးဝန်ထမ်းများက တပ်ဆင်ပေးထားခဲ့ကြောင်း သိရှိရသည်။
နိုင်ဦး(ပလောက် ပြန်/ဆက်)


