တာလေ ဩဂုတ် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့နေ ဒေသခံတိုင်းရင်းသားများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကစီးပွားရေးအဖြစ် လုပ်ကိုင်လျက်ရှိရာ ယခုအချိန်တွင် ရာသီပေါ် ဒေသထွက် ကြက်မောက်သီးများ ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေများရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကြက်မောက်သီးပင်များသည် နှစ်ရှည်သီးနှံဖြစ်ပြီး လူနေအိမ်ခြံမြေများအတွင်း၌ အပူဒဏ်အန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် အရိပ်ရပင်အဖြစ် စိုက်ပျိုးထားကြသည်။ ကြက်မောက်သီးများအား မိသားစုစားသုံးရန်နှင့် မိသားစုအပိုဝင်ငွေရရှိရန် စိုက်ပျိုးထားကြပြီး ယခုအချိန် ကြက်မောင်သီးများ စတင်ခူးဆွတ်ရောင်းချချိန်တွင် တစ်ကီလိုလျှင် အသီးအရွယ်အစားပေါ်မှုတည်၍ ကျပ် ၇၀၀၀ မှ ၈၀၀၀ အထိရရှိနေ၍ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)


