ဂျီနီဗာ ဩဂုတ် ၈

 

၂၀၂၅ ခုနှစ်တွင် တစ်ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှု လိုအပ်ချက်များကို ဖြည့်ဆည်းရန် လိုအပ်သော အမေရိကန်ဒေါ်လာ ၄၆ ဘီလီယံ၏ ၁၇ ရာခိုင်နှုန်းအောက်ကိုသာ ယခုအချိန်အထိ လက်ခံရရှိထားကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၇ ရက်တွင် ပြောသည်။

 

နှစ်ဝက်ကျော်လာပြီဖြစ်သော်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေမှာ အခြေအနေဆိုးရွားနေဆဲဖြစ်သည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟတ်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

 

လွန်ခဲ့သောနှစ် အလားတူ အချိန်နှင့်နှိုင်းယှဉ်လျှင် ရန်ပုံငွေလက်ခံရရှိမှု ၄၀ ရာခိုင်နှုန်းအောက် လျော့ကျနေသည်ဟု ၎င်းကဆက်ပြောသည်။

 

ရန်ပုံငွေများ လိုငွေပြနေခြင်းမှာ အကူအညီလိုအပ်နေသည့် သန်းနှင့်ချီသောလူများအတွက် လိုအပ်သည့်အကူအညီများ မရလျှင် ငတ်မွတ်တော့မည်ဖြစ်ကြောင်း သတိပေးချက်တစ်ခု ဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

 

ဇွန်လအတွင်းက နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုစနစ်တွင် ရန်ပုံငွေဖြတ်တောက်ခံရမှု အဆိုးဆုံးအခြေအနေနှင့် တွေ့ကြုံခဲ့ပြီး အိုစီအိတ်ချ်အေ (လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး) သည် အကူအညီ အရေးပေါ်လိုအပ်နေသည့် လူပေါင်း ၁၁၄ သန်းကို အကူအညီပေးရန် အထူးဦးစားပေးရမည့် တစ်ကမ္ဘာလုံးဆိုင်ရာ မေတ္တာရပ်ခံမှုကို စတင်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 

ဆင်ဟွာ