သည်ဟိတ် ဩဂုတ် ၈
ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လေကြောင်းမှ ချထားပေးခြင်းကို နယ်သာလန်နိုင်ငံက စတင်လုပ်ဆောင်ခဲ့သည်ဟု နယ်သာလန်အသံလွှင့်ဌာန အင်န်အိုအက်စ်က ဩဂုတ် ၈ ရက်တွင် ဖော်ပြခဲ့သည်။
ဂျော်ဒန်နိုင်ငံ၏ တောင်းဆိုချက်အရ အဆိုပါမစ်ရှင်အား စတင်ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့်သီတင်းပတ်က နယ်သာလန်အစိုးရအဖွဲ့သည် ယင်းသို့လုပ်ဆောင်ရန် အတည်ပြုခဲ့သည်။
ဩဂုတ် ၈ ရက်နေ့တွင် လေကြောင်းမှ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ချထားပေးမှုစတင်ခဲ့ပြီး လာမည့်နှစ်ပတ်အတွင်း နေ့စဉ်အကူအညီများ ချထားပေးမှု လုပ်ဆောင်သွားမည်ဟု နယ်သာလန်အသံလွှင့်ဌာနက ပြောသည်။ လေထီးများနှင့်အတူ တွဲ၍ ချထားပေးသည့် အထုပ်များထဲတွင် သောက်ရေ၊ ဆေးဝါးများနှင့် တာရှည်ခံအစားအစာများ ပါဝင်သည်။
ဆင်ဟွာ


