နေပြည်တော် ဩဂုတ် ၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတဦးမြင့်ဆွေသည် ဩဂုတ် ၇ ရက်တွင် ကွယ်လွန် ခဲ့သည့်အတွက် ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်ကို ရန်ကုန်မြို့ စကားဝါလမ်းရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန၌ ဩဂုတ် ၈ ရက်မှစတင်၍ ဖွင့်လှစ်ထားရာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများက ဝမ်းနည်းကြောင်း လာရောက် လက်မှတ်ရေးထိုးခဲ့ကြသည်။
ဩဂုတ် ၉ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ သံရုံးအကြီးအကဲများဖြစ်သည့် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Jong Ho Bom ၊ ရုရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov ၊ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး H.E. Mrs. Ponnamperuma Arachchige Prabashini Ponnamperuma၊ အင်ဒိုနီးရှားနိုင်ငံ သံရုံးယာယီတာဝန်ခံ Mr. Muhammad Arif Hidayatullah ၊ ပါကစ္စတန် နိုင်ငံသံရုံးယာယီတာဝန်ခံ Mr. Anwar Zeb၊ ကာတာနိုင်ငံသံရုံးယာယီ တာဝန်ခံ Dr. Rashid Abdulla AL-Kuwari ၊ ဘရူနိုင်းနိုင်ငံသံရုံးယာယီ တာဝန်ခံ Mr. Aizul Aziz ၊ ဆော်ဒီအာရေဗျနိုင်ငံ သံရုံးယာယီတာဝန်ခံ Mr. Abdullah A. Al-Hoshan တို့က ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လာရောက်လက်မှတ်ရေးထိုးခဲ့ကြသည်။ ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်တွင် လာရောက်လက်မှတ်ရေးထိုးသော သံအမတ်ကြီးများနှင့် သံရုံး အကြီးအကဲများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများက ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်ခဲ့ခြင်းအပေါ် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အစိုးရနှင့် ပြည်သူများ၊ ကျန်ရစ်သူမိသားစုသို့ ဝမ်းနည်းကြောင်းနှင့် စာနာထောက်ထားပါကြောင်း သတင်းစကားများ ပြောကြားခဲ့ပြီး ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


