ကော့သောင်း ဩဂုတ် ၁၀

 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့၌ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ကိုင်တွယ် အသုံးပြုနည်းဆိုင်ရာ ဆင့်ပွားသင်တန်းများကို ကော့သောင်းမြို့အထက(ခွဲ) အလက(၂)ကျောင်း၌ အမှတ်စဉ် လေးခုဖြင့် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ဒုတိယအပတ်စဉ်အဖြစ် ဩဂုတ် ၁ဝ ရက်မှ ၁၁ ရက်အထိဖွင့်လှစ်သင်ကြားလျက်ရှိသည်။

 

အဆိုပါ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ် အသုံးပြုနည်းဆိုင်ရာ သင်တန်းတွင် အီလက်ထရောနစ်မဲပေးစက်ဖွဲ့စည်း တည်ဆောက်ပုံနှင့် ပါဝင်သည့်ဆက်စပ်ပစ္စည်းများ၊ အီလက်ထရောနစ် မဲပေးစက်များ စစ်ဆေးခြင်း၊ ရွေးကောက်ပွဲမတိုင်မီ မဲရုံတွင် အီလက်ထရောနစ် မဲပေးစက်များအသုံးပြုရန် ကြိုတင်ပြင်ဆင်ခြင်းနှင့် စမ်းသပ် မဲပေးခြင်း၊ ရွေးကောက်ပွဲကျင်းပမည့် နေ့တွင် စမ်းသပ်မဲပေးခြင်း၊ အီလက်ထရောနစ်မဲပေးစက်များကို ကိုင်တွယ်ခြင်း၊ အရန်စက်လဲလှယ် ခြင်း၊ မဲရေတွက်ခြင်း၊ အရေးပေါ်ကိစ္စရပ်များ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မဲပေးစက်အသုံးပြုခြင်း လုပ်ငန်းစဉ်များ၊ မြန်မာ့အီလက်ထရောနစ်မဲပေးစက်နှင့် ပတ်သက်၍ ထိန်းချုပ်စက်ကိုင်တွယ် အသုံးပြုခြင်း လုပ်ငန်းစဉ်များ၊ သင်တန်းသား သင်တန်းသူများအား လက်တွေ့ကိုင်တွယ်လေ့ကျင့်စေခြင်း စသည့်လုပ်ငန်းစဉ်များ ပို့ချပေးသွားမည်ဖြစ်သည်။

ခရိုင်(ပြန်/ဆက်)