အစ္စတန်ဘူလ်   ဩဂုတ်   ၁၀

တူကီယဲနိုင်ငံ  အနောက်မြောက်ပိုင်း  ကန်နက်ခဲလ်ပြည်နယ်၌ ဩဂုတ်  ၈  ရက်က  တောမီးလောင်မှုနှစ်ခုဖြစ်ပွားပြီး  နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ကာ လူ ၁၀၀၀ ခန့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း အာဏာပိုင်များက ဩဂုတ် ၉ ရက်က ပြောကြားသည်။

တောမီးလောင်မှုကြောင့် စကက်ခ်လီကျေးရွာ၌  အဆောက်အအုံ  ၄၃ လုံးပျက်စီးသွားခဲ့ကြောင်း၊    အခြားကျေးရွာများ၏ အပျက်အစီးများကိုလည်း စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်၊ မြို့ပြနှင့် ရာသီဥတုပြောင်းလဲမှုဝန်ကြီး  မူရတ်ကူရမ်က  လူမှုကွန်ရက်မီဒီယာပလက်ဖောင်း X တွင် ပြောကြားသည်။

ဒေသခံ ၁၀၀၀   နီးပါးကို ဘေးလွတ်ရာသို့   ပြောင်းရွှေ့ပေးခဲ့ရကြောင်းစိုက်ပျိုးရေးနှင့် သစ်တောရေးရာဝန်ကြီး  အီဘရာဟင်ယုမက်ခ်လီက ပြောသည်။

မီးလောင်မှုကြောင့် လေကြောင်းသွားလာမှုများနှင့် အေဂျီယံပင်လယ်မှ  မာမာရာပင်လယ်သို့ ချိတ်ဆက်ကာ  နိုင်ငံတကာ သင်္ဘောအသွားအလာများအတွက် အရေးကြီးသောလမ်းကြောင်းတစ်ခုဖြစ်သည့် ဒါဒန်နဲလက်စ် ရေလက်ကြားတွင် ရေကြောင်းသွားလာမှုများလည်း ယာယီပြတ်တောက်ခြင်းတို့  ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။           

ဆင်ဟွာ