ကဘူးလ် ဩဂုတ် ၁၀

အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်း ဟီရတ်ပြည်နယ်၌ အသစ်တည်ဆောက်ထားသော ရေပေးဝေရေးစီမံကိန်းနှစ်ခုကို ယမန်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း နိုင်ငံပိုင်ဘတ်ထာသတင်းဌာနက ယနေ့ သတင်းဖော်ပြခဲ့သည်။

အမေရိကန်ဒေါ်လာ ၁၈၉၂၆၆ ခန့် ကုန်ကျသည့် အဆိုပါ စီမံကိန်းများသည် မိသားစု ၆၅၂ စုအတွက် သန့်ရှင်းသော သောက်ရေသန့်များ ထောက်ပံ့ပေးဝေလျက်ရှိသည်။

ထို့ပြင် လယ်သမားများအတွက် ဆည်ရေသွင်းရာတွင် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရ သည်။

ရေပေးဝေရေးစီမံကိန်းများကြောင့် လယ်ယာအထွက်နှုန်းတိုးလာစေပြီး ရာသီအလိုက် မိုးရွာသွန်းခြင်းအပေါ် မှီခိုအားထားမှုကို လျှော့ချနိုင်မည်ဟု ဒေသခံများက ပြောကြားသည်။

အာဖဂန်နစ္စတန်သည် နှစ်ပေါင်းများစွာ မိုးခေါင်မှုဒဏ်ကို မကြာခဏခံစားနေရပြီး မြို့တော် ကဘူးလ်အပါအဝင် အခြားမြို့ကြီးများတွင်လည်း သောက်သုံးရေပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်