ရန်ကုန် ဩဂုတ် ၁၀
FIFA-MFF လူငယ်ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၇) ကို ဩဂုတ် ၁၀ ရက်က ရန်ကုန်မြို့ရှိ MFF ဖူဆယ်အားကစားရုံနှင့် တောင်ဒဂုံ အားကစားရုံ၌ ဆက်လက်ကျင်းပသည်။
ပွဲစဉ် (၁၇) တွင် Golden Boys အသင်းက FFU မင်းမဟော်အသင်းကို လေးဂိုးပြတ်၊ Pacific Sun Far အသင်းက TKA Star အသင်းကို ခြောက်ဂိုး - တစ်ဂိုး၊ Kyaung Sayar Tharhtwe အသင်းက မလိခအသင်းကို ကိုးဂိုး-ငါးဂိုးဖြင့် အနိုင်ရပြီး SGF အသင်းနှင့် Jullniss အသင်း ဂိုးမရှိသရေ၊ Victoria အသင်းနှင့် King Cobra အသင်း နှစ်ဂိုးစီသရေ၊ Avengers Junior အသင်းနှင့် ရွှေပြည်သာ ယူနိုက်တက်အသင်း နှစ်ဂိုးစီ သရေကျခဲ့သည်။ ထိပ်ဆုံးမှ Kyaung Sayar Tharhtwe အသင်းသည် နိုင်ပွဲဆက်နေပြီး ငါးပွဲအလိုတွင် ၁၀ မှတ်အသာရထားသဖြင့် ချန်ပီယံဆုရယူနိုင်ရန် နီးစပ်လာပြီဖြစ်သည်။
ပွဲစဉ် (၁၇) အပြီးတွင် Kyaung Sayar Tharhtwe အသင်းက ၅၁ မှတ်ဖြင့် ဆက်လက်ဦးဆောင်နေပြီး Pacific Sun Far အသင်းက ၄၁ မှတ်၊ Golden Boys အသင်းက ၃၃ မှတ်၊ SGF အသင်းက ရမှတ် ၃၀၊ Victoria အသင်းက ၂၉ မှတ်၊ Jullniss အသင်းက ၂၄ မှတ်၊ King Cobra အသင်းနှင့် Avengers Junior အသင်းတို့က ၂၃ မှတ်စီ၊ မလိခအသင်းက ရမှတ် ၂၀၊ FFU မင်းမဟော်အသင်းက ရှစ်မှတ်၊ TKA Star အသင်းက ခြောက်မှတ်၊ ရွှေပြည်သာယူနိုက်တက်အသင်းက သုံးမှတ်ရရှိထားသည်။
မောင်ညီ၊ ဓာတ်ပုံ-MFF


