အာဆင်နယ်အသင်းသည် ဆယ်ကျော်သက်ကစားသမား အီသန်နွာနာရီကို ၂၀၃၀ ပြည့်နှစ်အထိ ရှိမည့် ငါးနှစ်သက်တမ်းတိုးစာ ချုပ်တစ်ရပ်ကို ချုပ်ဆိုလိုက်ပြီဖြစ်သည်။  

အသက်   ၁၈    နှစ်အရွယ် အဆိုပါကစားသမား၏ လက်ရှိစာချုပ်သက်တမ်းမှာ ၂၀၂၆ ခုနှစ် ဇွန်လအထိ ချုပ်ဆိုထားသည်။ ၎င်းသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလက  ဘရန့်ဖို့ဒ်အသင်းနှင့်  ပွဲစဉ်တွင် ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ပရီမီယာလိဂ်သမိုင်းတွင် ၁၅ နှစ်နှင့် ၁၈၁ ရက်သာရှိသေးသည့် အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ၎င်းသည် ပြီးခဲ့သည့်ရာသီတွင် အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၃၇ ပွဲ ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ကိုးဂိုးသွင်းယူပေးထား နိုင်သည်။

အာဆင်နယ်အသင်းသည် ဩဂုတ် ၁၇ ရက်တွင် ပရီမီယာလိဂ်အဖွင့်ပွဲစဉ်အဖြစ် နာမည်ကြီး မန်ယူအသင်းနှင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

မိုးဇက် - စုစည်းရေးသားသည်