ချောက် ဩဂုတ် ၁၁

         မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သည်  ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်‌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်(VDP)ဖြင့်‌ တောင်နောက် ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေကို မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။   

     အဆိုပါ‌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို  နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေကျပ်(၁၅)သန်း၊ ပြည်သူ့ ထည့်ဝင်‌ငွေ ကျပ်(၅)သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်းအရှည်ပေ(၄၀၀)၊ အကျယ်(၁၂)ပေ၊ ဒုထည်(၆)လက်မရှိ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာလူထုမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီး၍ တောင်နောက်ကျေးရွာတွင် အိမ်ခြေ(၂၆၇)စု၊ လူဦးရေ(၁၀၇၆)ဦးတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာအကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။

ကျော်မိုး(ပြန်/ဆက်)