မင်းလှ ဩဂုတ် ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်အတွက် မိုးစပါးစိုက်ပျိုးရန် လျာထားဧက(၇၆၁၄၁)ရှိရာ လျာထားချက်ပြည့်မီစွာစိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနရုံးမှ သိရသည်။
မိုးစပါးကို ဇွန်လဆန်းပိုင်းမှ စတင်စိုက်ပျိုးခဲ့ကြပြီး လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး အတွက် ဒေသခံစိုက်ပျိုးရေးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးစေ့ချကိရိယာ ဖြင့်လည်းကောင်း၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနက ကောက်စိုက်စက်ဖြင့် လည်းကောင်း ကူညီစိုက်ပျိုးပေးခဲ့ရာ ဇူလိုင်လကုန်တွင် ကွင်းပိတ်ပြီးစီးခဲ့ကြောင်းသိရသည်။
၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးခြင်းကို ရေမြေသဘာဝအလိုက် မျိုးစ့ချကရိယာဖြင့်(၄၂၄၁၁)ဧက၊ ကောက်စိုက်စက်ဖြင့်(၁၂၂၃)ဧက၊ ဘောင်ပျိုး (၂၈၅)ဧက၊ ရိုးရိုးပျိုး (၃၂၂၂၂)ဧက၊ စုစုပေါင်း(၇၆၁၄၁) ဧကအား စနစ်များအလိုက် စိုက်ပျိုးပြီးစီးခဲ့ကြောင်း၊ စပါးမျိုးများမှာ ဆင်းသုခ၊ ရတနာတိုး၊ ထိုင်းနှံကောက်၊ ဗီယက်နန်၊ အောင်နိုင်တိုး၊ ရေမြှပ်ခံ-၁၊ ရေအနည်းလို-၇ စပါးမျိုးတို့ဖြစ်ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)


