ပန်းတနော် ၁၃ မတ်
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေစဉ် အ.ထ.က (၁)ပန်းတနော်မှ မအိမ့်ကြယ်စင်ကျော်သည် ယနေ့နံနက် ၁၁နာရီခန့်က ရုတ်တရက်မူးလဲသဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ဆရာ၊ဆရာမများက ပန်းတနော်ပြည်သူ့ဆေးရုံသို့ အချိန်မီ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းသူအား ပန်းတနော်ပြည်သူ့ဆေးရုံတွင် နံနက် ၁၁နာရီခွဲက ဆေးကုသမှုခံယူ၍ ကိုယ်တိုင်ဆက်လက်ဖြေဆိုရာ စာမေးပွဲကြီးကြပ်အဖြစ် လ/ထပညာရေးမှူး ဒေါ်မူမူအေးနှင့် ဦးမျိုးမြင့်တို့မှ ကြီးကြပ်စောင့်ကြပ်လျက်ရှိပြီး လုံခြုံရေးအဖြစ် လခရတပ်ဖွဲ့ဝင် ရဲဒုတက သူရိန်လင်းနှင့် ရဲတပ်သား ဝေလင်းမောင်တို့မှ တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)


