ဘေရွတ်     ဩဂုတ်     ၁၁

အစ္စရေးတပ်မတော်သည် လက်ဘနွန်နိုင်ငံ တောင်ပိုင်းတွင် စစ်စခန်းတစ်ခုကို တည်ဆောက်နေကြောင်း   လက်ဘနွန်တာဝန်ရှိသူများက ပြောကြားသည်။

လက်ဘနွန်နိုင်ငံ တောင်ပိုင်းနယ်စပ်ဒေသ  ကီလတ်အယ်လ် မာကာဖိုင်တွင်  စစ်စခန်းတည်ဆောက်ရေးအတွက် အစ္စရေးတပ်မတော်မှ မြေတူးစက်များ လုပ်ငန်းဆောင်ရွက်နေကြောင်း လက်ဘနွန်တာဝန်ရှိသူများက မှတ်ချက်ပြုပြောကြားသည်။

လက်ရှိအချိန်တွင်  အစ္စရေးဘက်မှ  မြေညှိခြင်းနှင့်  ဘန်ကာများ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်နေကြောင်း ဒေသခံများက ပြောကြားသည်။  ယင်းလုပ်ငန်းများ  ဆောင်ရွက်နိုင်ရန်အတွက်   အစ္စရေးတင့်ကားများက စောင့်ရှောက်မှုပေးနေကြောင်း သိရသည်။ အစ္စရေးနှင့် ဟဇ်ဘိုလာအဖွဲ့တို့အကြား ယမန်နှစ် နိုဝင်ဘာ   ၂၇  ရက်က  အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့သော်လည်း လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ   ဒေသများအား အစ္စရေးက ထိန်းသိမ်းထားကာ နယ်စပ်ဒေသတွင် တိုက်ခိုက်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ