တိုကျို ဩဂုတ် ၁၁
ဂျပန်နိုင်ငံမှ တောင်ကိုရီးယားနိုင်ငံသို့ တင်သွင်းမည့် ပင်လယ်စာထုတ်ကုန်များကို ကန့်သတ်ချက်များ ပယ်ဖျက်ပေးရန် ဂျပန်စိုက်ပျိုးရေးဝန်ကြီး ကိုအိဇူမိ ရှင်ဂျီရိုက တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုဟန်းအား ပန်ကြားခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရုံး၌ တွေ့ဆုံဆွေးနွေးရာတွင် ၎င်းက အထက်ပါအတိုင်း ပန်ကြားခဲ့ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံတွင် ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံ မတော်တဆမှုဖြစ်ပွားခဲ့ပြီး နောက် တောင်ကိုရီးယားနိုင်ငံက ဂျပန်နိုင်ငံမှ ပင်လယ်စာထုတ်ကုန်များ တင်သွင်းခြင်းကို ရပ်နား ခဲ့သည်။
ဂျပန်ပင်လယ်စာထုတ်ကုန်များကို ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်သည့် တောင်ကိုရီးယား နိုင်ငံသားများ နှစ်သက်စွာစားသုံးကြောင်း ဂျပန်စိုက်ပျိုးရေးဝန်ကြီးက ပြောကြားသည်။ ဂျပန်ပင်လယ်စာထုတ်ကုန်များကို ကန့်သတ်ချက်ဖြေလျှော့ရေးအတွက် တောင်ကိုရီးယားတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ၎င်းကပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ


