ဩဂုတ် ၁၂

 

တူကီယဲနိုင်ငံ အနောက်မြောက်ပိုင်းတွင် ပြင်းအား ၆ ဒသမ ၁ ပမာဏရှိ ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ရာ ယမန်နေ့က တစ်ဦးသေဆုံးပြီး ၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး အလီယာလီကာယာက ပြောကြားသည်။

 

အဆိုပါ ငလျင်သည် ည ၇ နာရီ ၅၃ မိနစ်ခန့်က လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အကြီးဆုံးမြို့ဖြစ်သော အစ္စတန်ဘူလ်အပါအဝင် ပြည်နယ်အများအပြားတွင်  ငလျင်လှုပ်ခတ်မှုခံစားခဲ့ရသည်ဟု သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ အေအက်ဖ်အေဒီက ပြောကြားသည်။

 

ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အဆုံးသတ်ခဲ့ပြီး အခြားဆိုးဆိုးရွားရွားပျက်စီးမှုမရှိဟု ၎င်းက ဆိုသည်။

 

ထိုငလျင်သည် အနက် ၁၁ ကီလိုမီတာ ( ၆ ဒသမ ၈ မိုင် )တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အေအက်ဖ်အေဒီ၏ ပြောကြားချက်အရ သိရသည်။

 

ကိုးကား-ရိုက်တာ

ဘာသာပြန်-မြင့်မြင့်ချို