မူဆယ်မြို့ ၁၃ မတ် 

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ မြို့ရှောင်လမ်းနှင့် မူဆယ်-နမ့်ခမ်း ပြည်ထောင်စုလမ်းမကြီးဆုံသည့်နေရာမှ မန့်ဝိန်းဂိတ်ပေါက်အထိ အဆင့်မြင့်နိုင်လွန်ကတ္တရာလမ်းခင်းကျင်းမှု (၉၀%)ခန့်ပြီး စီးနေပြီဖြစ်ကြောင်းသိရသည်။

 

3132019

 

“ကျွန်တော်တို့ မူဆယ်မြို့တွင်းကို တစ်မိုင်ခင်းကျင်းဖို့ အစီစဉ်ရှိတယ်။ ခုခင်းကျင်းတာက ဖေဖော်ဝါရီလ (၂၆)ရက်က စခင်းတာ ကားလမ်းအကျယ်ကတော့ (၅၂)ပေကျယ်ပါတယ်။ လေးလမ်းသွားပေါ့ မြို့တွင်းဆိုတော့ လမ်းတွေအရမ်းကျပ်နေတာကြောင့် မြန်မြန်ပြီးစီးဖို့ အချိန်နည်းနည်းကြန့်ကြာသွားတယ် မြို့တွင်းကိုလည်း ဆက်လက်ခင်းကျင်းဖို့အစီစဉ်ရှိတယ်။ ခုမြို့ရှောင်လမ်းမှ မန့်ဝိန်းဂိတ်ပေါက်အထိ လမ်း အရမ်းကျပ်နေတော့ ဦးစားပေးခင်းကျင်းတာဖြစ်တယ်”ဟု တာဝန်ခံအင်ဂျင်နီယာ ဦးဝင်းမောင်က ပြောကြားသည်။

 

အဆိုပါလမ်းကို (OH)ကုမ္ပဏီမှ တာဝန်ယူပြုပြင်ဆောင်ရွက်ခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ (ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး)ဌာန မှ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် နိုင်လွန် ကတ္တရာACလမ်း ပေပေါင်း(၂၀ဝ၀)ကို ခင်းကျင်းသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

ဗန်ရိုးထန်(ပြန်/ဆက်)

 

3132019