ဩဂုတ် ၁၂
အင်ဒိုနီးရှားနိုင်ငံ ပါပူအာပြည်နယ် ဆာမိဒေသ၏အရှေ့တောင်ဘက် ၂၇ ကီလိုမီတာအကွာ ယနေ့ ဂျကာတာစံတော်ချိန် ၁၅ နာရီ ၂၄ မိနစ်တွင် ပြင်းအား ၆ ဒသမ ၄ ပမာဏရှိငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မိုးလေဝသ၊ ရာသီဉတုနှင့် ဘူမိရူပအေဂျင်စီက ပြောကြားသည်။
ငလျင်ဗဟိုချက်သည် ၁၃ ကီလိုမီတာဖြစ်ပြီး တောင်လတ္တီကျု ၁ ဒသမ ၉၀ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၃၈ ဒသမ ၉၉ ဒီဂရီတွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ဆူနာမီဖြစ်နိုင်ချေမရဟု ထိုအေဂျင်စီကဆိုသည်။ အင်ဒိုနီးရှားနိုင်ငံသည် ပစိဖိတ်မီးကွင်းပေါ်တွင်တည်ရှိပြီး ငလျင်နှင့်မီးတောင်လှုပ်ရှားမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


