မန္တလေး ဩဂုတ် ၁၂
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် သမဝါယမကောလိပ်(မန္တလေး) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Year- End Student Activity Showcase အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါ ကောလိပ်ရှိ ရန်ကင်းခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခ/ဌာနမှူးများ၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး လုပ်ငန်းရှင်တစ်ဦးက လုပ်ငန်း လုပ်ဆောင်ချက်များကို ရှင်းလင်း ပြောကြားသည်။
ပေးအပ်ချီးမြှင့်
ထို့နောက်သမဝါယမကောလိပ် (မန္တလေး) ကျောင်းအုပ်ကြီးက အခမ်းအနား ကျင်းပရခြင်းကို ရှင်းလင်းတင်ပြပြီး တန်းခွဲခုနစ်ခုအနက် အမြတ်ရာခိုင်နှုန်း အများဆုံးရရှိသည့် ကျောင်းသား ကျောင်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့် ကြသည်။
ယင်းနောက် ကျောင်းသား ကျောင်းသူများက ဝယ်ရောင်း လုပ်ငန်း၏ စာရင်းဇယားများကို စာတမ်းဖတ်ကြားတင်ပြကြပြီး တေးသီချင်းဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


