ကင်ဘာရာ သြဂုတ် ၁၂
သြစတြေးလျသိပ္ပံပညာရှင်များ ဦးဆောင်သော သုတေသနပြုချက်အရ ဉာဏ်ရည်တု (AI) သည် စားသုံးသူများထံ အစားအစာများမရောက်မီ အဆိပ်အတောက်၊ ရောဂါပိုးမွှားများဖြင့်ပြည့်နေသည့် မသန့်ရှင်းသောအစားအစာများကို ရှာဖွေတွေ့ရှိနိုင်ကြောင်း၊ ထိုသို့ရှာဖွေတွေ့ရှိမှုကြောင့် နှစ်စဉ် လူသေဆုံးမှု သန်းချီဖြစ်ပွားမှုကို လျှော့ချကာကွယ်ပေးနိုင်ကြောင်း သိရသည်။
အဆင့်မြင့်နည်းပညာများဖြင့် မှိုအဆိပ်အတောက်ဖြစ်နေမှုကို လျင်မြန်တိကျစွာသိရှိနိုင်သည်ဟု သုတေသီများက ပြသခဲ့သည်။
မှိုအဆိပ်အတောက်များသည် ကင်ဆာ၊ ခုခံအား ကျဆင်းမှု၊ ဟော်မုန်းချို့ယွင်းမှုများနှင့် ဆက်စပ်နေသည်။
မှိုအဆိပ်အတောက်ဖြစ်မှုများအပါအဝင် အစားအစာမသန့်ရှင်းမှုကြောင့် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် ဖျားနာမှု သန်း ၆၀၀ နှင့် သေဆုံးမှု ၄ ဒသမ ၂ သန်းရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောသည်။
ဆင်ဟွာ


