ဝါရှင်တန် သြဂုတ် ၁၂
ပန်ဆယ်ဗေးနီးယားပြည်နယ် အမေရိကန် စတီးစက်ရုံတွင် သြဂုတ် ၁၁ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ တစ်ဦး သေဆုံးပြီး တစ်ဦးပျောက်ဆုံးလျက်ရှိကာ ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲများက ပြောသည်။
ပစ်ဘာ့မြို့ အနီးရှိ Clairton Coke Works တွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တက်လာသောမီးခိုးများကို ဗီဒီယိုဖိုင်တစ်ခုတွင် တွေ့မြင်နိုင်သည်။
ပန်ဆယ်ဗေးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျော့ရှာပီရိုက ပေါက်ကွဲမှုအများအပြားဖြစ်ပွားခဲ့သည်ဟု လူမှုမီဒီယာပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။
အဆိုပါနိုင်ငံအတွင်း အကြီးဆုံးစက်ရုံတစ်ရုံဖြစ်ပြီး တစ်ရက်လျှင် လူပေါင်း ၁၃၀၀ ခန့် အလုပ်လုပ်သည်ဟု ကုမ္ပဏီက ပြောသည်။
အပျက်အစီးများအောက်တွင် ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
အမေရိကန်စတီးသည် ဂျပန်နိုင်ငံ နိပွန်စတီး၏ ရာနှုန်းပြည့်ပိုင်ဆိုင်သော လုပ်ငန်းခွဲဖြစ်သည်။
အင်န်အိတ်ချ်ကေ


