ဂါဇာ ဩဂုတ် ၁၂
ပဋိပက္ခစတင်ဖြစ်ပွားချိန် ၂၀၂၃ ခုနှစ် အောက်တိုဘာမှစကာ အာဟာရချို့တဲ့မှုကြောင့် ကလေးငယ် ၁၀၀ ကျော် သေဆုံးပြီးဖြစ်ကြောင်း ဂါဇာကျန်းမာရေး အာဏာပိုင်များက ထုတ်ပြန်လိုက် ပြီးနောက် ယင်းကိစ္စရပ်နှင့်ပတ်သက်ပြီး အမြန်ဆုံးဖြေရှင်းဆောင်ရွက်ကြရန် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့များက ဩဂုတ် ၁၁ ရက်တွင် တောင်းဆိုထားသည်။
ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က ကလေးငယ် ၃၀၀၀၀၀ ကျော်မှာ အလွန်အမင်းအန္တရာယ်ရှိသည့် အခြေအနေနှင့် ရင်ဆိုင်နေကြရဆဲဖြစ်ပြီး ဂါဇာလူဦးရေ၏ သုံးပုံတစ်ပုံကျော်မှာလည်း အစားမစားရသည်မှာ ရက်ပေါင်းများစွာကြာမြင့်နေပြီဖြစ်ကြောင်း ပြောသည်။
ဂါဇာကမ်းမြောင်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စားရေရိက္ခာထောက်ပံ့ကူညီမှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လစဉ်လတိုင်း တန်ချိန် ၆၂၀၀၀ ကျော် လိုအပ်လျက်ရှိ ကြောင်း၊ လက်ရှိအချိန်အထိ ဂါဇာဒေသ လူဦးရေနှစ်သန်း၏ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် လုံလောက်သောထောက်ပံ့ကူညီမှုများ သယ်ဆောင်ခွင့်ပြုထားခြင်း မရှိသေးကြောင်း သိရသည်။
အစ္စရေးအာဏာပိုင်များက နေ့စဉ်ပျမ်းမျှ စက်သုံးဆီ လီတာ ၁၅၀၀၀၀ ခန့်ကိုသာ သယ်ဆောင်ခွင့်ပြုထားသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (အိုစီအိတ်ချ် အေ) က ပြောသည်။ ယင်းပမာဏမှာ အသက်ကယ်စောင့်ရှောက်ရေးလုပ်ငန်းများအတွက် လိုအပ် သည့် အနည်းဆုံးပမာဏထက် အများကြီးလျော့နည်းနေသေးကြောင်း သိရသည်။ ပါလက်စတိုင်း အရပ်ဘက်ကာကွယ်ရေးအဖွဲ့က ဂါဇာကမ်းမြောင်တစ်ဝန်း လည်ပတ်ဆောင်ရွက်လျက်ရှိသော လူနာတင်ယာဉ်ထက်ဝက်ကျော်မှာ စက်သုံးဆီနှင့် အပိုပစ္စည်းများ ပြတ်တောက်မှုကြောင့် ရပ်နားထားရကြောင်း ပြောသည်။
ဆင်ဟွာ


