ဩဂုတ် ၁၃

 

ဗီယက်နမ်နိုင်ငံအလယ်ပိုင်း လမ်ဒေါင်ပြည်နယ်တွင် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့သဖြင့် နှစ်ဦးသေဆုံးကြောင်း ဒေသတွင်းသတင်းစာတွင် ဖော်ပြထားသည်။

 

ယာယီနေအိမ်တစ်လုံး၏ အနောက်ဘက်ဆင်ခြေလျော ရုတ်တရက်ပြိုကျပြီး ကော်ဖီဆိုင်တစ်ခုအတွင်းသို့ မြေသားနှင့် ကျောက်တုံးများ ကျရောက်လာကာ စားသုံးသူနှစ်ဦး သေဆုံးခဲ့သည်။

 

ဒေသဆိုင်ရာအာဏာပိုင်များက ယင်းနေရာကို ပိတ်ထားခဲ့ပြီး သေဆုံးသူများ၏ မိသားစုဝင်များနှင့်အတူ ဈာပနတွင် ကူညီဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို