ဘဂ္ဂဒက် သြဂုတ် ၁၃
ဘဂ္ဂဒက်မြို့အရှေ့ပိုင်း ဥရရပ်ကွက်တွင် သြဂုတ် ၁၃ နံနက်ပိုင်းက နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ မိသားစုဝင် ခုနစ်ဦး သေဆုံးခဲ့ကြောင်း အရပ်ဘက်ကာကွယ်ရေး သတင်းရင်းမြစ် တစ်ခုက ပြောကြားခဲ့သည်။
မီးလောင်မှုသည် အရှိန်အဟုန်ဖြင့် ပျံ့နှံ့နေသောကြောင့် အရပ်ဘက်ကာကွယ်ရေးအဖွဲ့များက ကယ်ဆယ်ရေးလုပ်ငန်းများ မြန်မြန်ဆန်ဆန် မလုပ်နိုင်ခဲ့ကြောင်း သိရသည်။ နောက်ပိုင်းတွင် ၎င်းတို့သည် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ပတ်ဝန်းကျင်ရှိ နေအိမ်များသို့ မကူးစက်အောင် တားဆီးနိုင်ခဲ့ကြောင်း အရပ်ဘက်ကာကွယ်ရေးမှ အာလာမိုဟာမက်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။
မီးလောင်ရသည့် အကြောင်းရင်းကို သိရှိနိုင်ရန် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း မိုဟာမက်က ဆက်လက်ပြောကြားခဲ့သည်။
အီရတ်နိုင်ငံဒေသများတွင် နွေရာသီအပူရှိန် ၅၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်နေသောကြောင့် မီးလောင်မှုများ မကြာခဏဖြစ်ပွားလျက်ရှိသည်။
ဇူလိုင်လတွင် အီရတ်နိုင်ငံ အရှေ့ပိုင်း ဝါဆစ်ပြည်နယ်၏ မြို့တော်ကွတ်တွင် ကြီးမားသော မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး ၆၁ ဦး သေဆုံးခဲ့သည်။ ရက်ပိုင်းအနည်းငယ်အကြာ ဘဂ္ဂဒက်မြို့အရှေ့ပိုင်းရှိ အရပ်သားအိမ်တစ်အိမ်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ လေးဦးသေဆုံးပြီး အခြားနှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။
ဆင်ဟွာ


