ရန်ကုန် ဩဂုတ် ၁၄

ရန်ကုန် ဩဂုတ် ၁၄ ရန်ကုန် တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့နံနက် ပိုင်းက အမှတ်(၄) အခြေခံပညာ အလယ်တန်းကျောင်း သစ္စာ ချမ်းမြေ့ခန်းမဆောင်၌ ကျင်းပ သည်။

ဦးစွာ အမှတ်(၄) အခြေခံ ပညာ အလယ်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်မို့မို့ဟန်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့် ဟောပြောသည်။ ဆက်လက်၍ တောင်ဥက္ကလာပမြို့နယ် စာရေး ဆရာအသင်းမှ စာရေးဆရာမ မြမဉ္ဇူဝေ(ကျုံမငေး)က စာဖတ် ရှိန်မြှင့်တင်ရေး ခေါင်းစဉ်ဖြင့် ဟောပြောသည်။ ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက် ကျင်းပရာ လူငယ်နှင့်စာပေ၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့် ယဉ်ကျေးမှု၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ် နှင့် အားကစား ခေါင်းစဉ်များဖြင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများက ဆွေးနွေးကြသည်။

ထို့နောက် စာဖတ်ရှိန်မြှင့်တင် ရေးလှုပ်းရှားမှု ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ် စွမ်းရည်ပြိုင်ပွဲ၊ ဂိမ်းကစားနည်းပြိုင်ပွဲများ၊ အသိပညာပေးနံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ကျင်းပရာ ကျောင်းသားကျောင်းသူ ကလေးငယ်များက စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ကြသည်။ အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)