ကဝ ဩဂုတ် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းကို ဩဂုတ် ၁၄ ရက် နံနက်ပိုင်းက ကဝမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ဆောင်ရွက်ခဲ့သည်။
ပထမဦးစွာ ကဝမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးမင်းနိုင်က ချေးငွေထုတ်တောင်သူများ သိရှိလိုက်နာရမည့် ဘဏ်ချေးငွေဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားပြီး ၂၀၂၄ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား အကြေအလည်ပေးဆပ်ပြီး ဖြစ်သည့် တာဝကျေးရွာအတွင်းမှ တောင်သူ (၅၉)ဦးအတွက် လယ်မြေတစ်ဧကလျှင် (၁၅၀,၀၀၀)ကျပ်နှုန်းဖြင့် လယ်မြေဧက (၄၈၁)ဧကအတွက် စုစုပေါင်းငွေကျပ် (၇၂,၁၅၀,၀၀၀) ကို ထုတ်ချေးပြီးဖြစ်ကြောင်းနှင့် ချေးငွေအကြေအလည်ပေးဆပ်ပြီးတောင်သူများအား ဆက်လက်ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မန်နေဂျာထံမှသိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)


