မာန်အောင်   ၁၃   မတ် 

 

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်အတွင်း လျှပ်စစ်ဓါတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေး အတွက် ကျောက်ဖြူအခြေစိုက် POSCO DAEWOO ကုမ္ပဏီက တည်ဆောက်လျက်ရှိသော နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်နေမှုနှင့် ခအုန်းမော် ကမ်းခြေ ဇက်ဆိပ်တည်ဆောက်မည့်နေရာတို့ကို ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံသည် ယမန်နေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးသည်။

 

1

 

ထို့နောက် မျှော်တော်ဦးကျေးရွာ၌ ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော မျှော်တော်ဦးဘုရားနှင့် ပြားကြီးကျေးရွာအကြား ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဘိုးပိုင်အခြေပြု ကျောက်စီရေထိန်းနံရံ အလျားပေ ၅၅၀ ဆောင်ရွက်နေမှု၊ ဇီးတောကျေးရွာ အုန်းဆံစက်ရုံဆောက်လုပ်နေမှု၊ ပန်းဖဲ တံတားတည်ဆောက်နေမှု၊ မကျည်းကုန်းကျေးရွာတွင် ရေထိန်းရေကာတာဆောက်လုပ်နေမှု၊ မိမ္မကြွယ်ကျေးရွာနှင့် ကအီးကျေးရွာအကြားရှိ ဟိုတယ်ဇုံတည်ဆောက်နေမှုနှင့် ကမားကျေးရွာ ပင်လယ်ကမ်းခြေ ဒီရေလှိုင်းကာပြုလုပ်နေမှု တို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံသည် ယနေ့နံနက်ပိုင်းတွင် သိမ်ကုန်းကျေးရွာနှင့် ဆင်နားချောင်ကျေးရွာ တို့ကို ဆက်သွယ်ထားသော တံတားအား ကွန်ကရစ်တံတား တည် ဆောက်နိုင် ဆောင်ရွက်နေမှုနှင့် မြို့သစ်ရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာ တည်ဆောက်နိုင်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

မြို့နယ်(ပြန်/ဆက်)