နေပြည်တော် ၁၃ မတ်
မတ္တရာမြို့နယ် အခြေခံပညာအလယ်တန်းကျောင်းခွဲ (သရက်တန်း)စာစစ်ဌာန၌ တက္ကသိုလ် ဝင်စာမေးပွဲ ဖြေဆိုနေသည့် မောင်အောင်စိုးမိုး (၁၇)နှစ်၊ ခုံအမှတ် မယ-၁၅၇၉၊ တံငါမြောက် ကျေးရွာနေသူသည် မတ် ၁၂ ရက် နံနက် ၈ နာရီခွဲတွင် အူကျရောဂါ ခံစားနေရသဖြင့် မတ္တရာမြို့မ ရဲစခန်းမှူး ဒုတိယရဲမှူး ပြေဦးနှင့်တပ်ဖွဲ့ဝင်များက သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့သောကြောင့် စာမေးပွဲအား ဆေးရုံ၌ဆက်လက်ဖြေဆိုနိုင်ခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။
MDN


