ဝမ်းတွင်း သြဂုတ် ၁၇
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ပြည့်စုံကုန်းကျေးရွာရှိအခြေခံသမဝါယမအသင်းသားများ စိုက်ပျိုးထားသည့် B31 မိုးကြို ဝါစိုက်ခင်းကို ယမန်နေ့တွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုသည်။
ဝမ်းတွင်းမြို့နယ် လယ်ယာနှင့် အထွေထွေသမဝါယမအသင်းရှိအသင်းသားများစိုက်ပျိုးထားသော မိုးကြိုဝါ ၃၉ ဧကရှိပြီး ခူးဆွတ် ပြီးစီးမှုမှာ ယခုအချိန်ထိ တစ်ဧကလျှင် ပိဿာ ၆၃၀ ခန့် ထွက်ရှိကာ ပန်းတိုင်အထွက်နှုန်းရရှိကြောင်း မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိထံမှသိရသည်။ အဆိုပါ အသင်းသားများ စိုက်ပျိုးထားသော ဝါများဈေးကောင်းရရှိရေးအတွက် ဝါဝယ်ယူကြိတ်ခွဲစက်များနှင့် ချိတ်ဆက်ကာဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


