ဆိပ်ဖြူ    သြဂုတ်   ၁၈

            မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၌ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါးဧက(၂၉၀၀)ကျော် စိုက်ပျိုးပြီးစီး၍ တောင်သူများအတွက် စိုက်ပျိုးရေပြည့်ဝစွာဆောင်ရွက်ပေးထားကြောင်း သိရသည်။

            မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးစပါးကို စိုက်ပျိုးဧက (၁၀၅၃၆) ဧက စိုက်ပျိုးဆောင်ရွက် နိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပြီး မိုးစပါးဧက(၂၉၀၀)ကျော်ကို ဒေသခံတောင်သူများက စိုက်ပျိုးပြီးဖြစ်သည်။ ဒေသခံတောင်သူများအနေဖြင့် မိုးစပါးကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဦးစီးဌာနတို့ထံမှ စိုက်ပျိုးရေးနည်းပညာ၊ စိုက်ပျိုးရေရရှိရေးနည်းလမ်း၊ လျှပ်စစ်မြစ်ရေတင်စနစ်၊ ဆည်ကြီးများနှင့် ဆည်ငယ်၊ ကန်ငယ်၊ မြေအောက်ရေတင်စနစ်နှင့် မိုးကောင်းသောက် နည်းပညာအသွယ်သွယ်တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် အောက်ဆိပ် လျှပ်စစ်မြစ်ရေတင်စီမံကိန်း ဧရိယာ၌ မိုးစပါး (၅၅၅) ဧကနှင့် အခြားသီးနှံ (၉၄၅) ဧကအတွက် စိုက်ပျိုးရေ ပြည့်ဝစွာဆောင်ရွက်နိုင်ရေးတို့ကို ဆောင်ရွက်ထားရှိပြီး မြို့နယ်ဆည်မြောင်းဦးစီးဌာနသည် ဆည်တမံ(၆)ခုမှ (၈၀၃)ဧကအတွက် စိုက်ပျိုးရေပေးဝေလျက်ရှိကြောင်း၊ ဆည်ငယ်/ကန်ငယ်၊ မြေအောက်ရေတင်စနစ်နှင့် မိုးကောင်းသောက် စပါးစိုက်ပျိုးတောင်သူများအနေဖြင့် ရရှိသောမိုးရေဖြင့် မိုးစပါးကို ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း သက်ဆိုင်ရာဌာနများနှင့် ဒေသခံတောင်သူများထံမှ သိရသည်။

စိုးလင်းနိုင်(IPRD)