နေပြည်တော်  ၁၃   မတ် 

ဂန့်ဂေါခရိုင်၊ နန်းယွန်းမြို့နယ်၊ တကားကျေးရွာ တောင်ဘက် ၁၅ မိုင်ခန့်အကွာ၌ ဘိန်းစိုက်ခင်း (၅)ဧကခန့်အား နန်းယွန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲအုပ် ရဲလင်းထက် ဦးစီးသည့်ပူးပေါင်း အဖွဲ့က မတ် ၁၁ ရက်တွင် ဖျက်ဆီးရှင်းလင်းခဲ့ကြောင်းသိရှိရသည်။

အလားတူ မတ်လ ၁၂ ရက်နေ့တွင် နမ့်ခမ်းမြို့နယ်၊ တာကွန့်ကျေးရွာအနီး၌ အမြင့်(၂)ပေ ခန့်ရှိ ဘိန်းစိုက်ခင်း(၄)ဧကခန့်အား ပန်းဆေးနယ်မြေရဲစခန်းမှ ဒုတိယရဲအုပ် ဇော်မျိုးမင်း ဦးစီး သည့်ပူး ပေါင်းအဖွဲ့မှလည်းကောင်း၊ နန်းယွန်းမြို့နယ်၊ တကားကျေးရွာ တောင်ဘက် ၁၇ မိုင်ခန့်အကွာ၌ ဘိန်းစိုက် ခင်း(၂၁)ဧကခန့်အား နန်းယွန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲအုပ် ရဲလင်းထက် ဦးစီးသည့် ပူးပေါင်းအဖွဲ့မှလည်းကောင်း ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း ရဲပြန်ကြားမှ  သိရသည်။
MDN