ဩဂုတ် ၁၈ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြိုနယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနသည် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေများ ထုတ်ချေးပေးခြင်းကို မြို့နယ်ဦးစီးမှူး နှင့်တာဝန်ရှိသူများက ဩဂုတ် ၁၈ ရက် နံနက်ပိုင်းတွင် အင်းကုန်းကျေးရွာအုပ်စု၊ အင်းကုန်းကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ရွာငံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက အင်းကုန်း ကျေးရွာရှိ ကျေးလက်နေပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် အရောင်းအဝယ်လုပ်ငန်းများ ယခင်ကထက် တိုးချဲ့လုပ်ကိုင်ရန်အတွက် လိုအပ်သည့် ငွေကြေးအရင်းအနှီးများရရှိစေရန်နှင့် စီမံကိန်းမှ တိုးပွားလာသော အတိုးရငွေများဖြင့် ကျေးရွာတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေများ ထုတ်ချေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံက အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များထံသို့ အရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို လွှဲပြောင်းပေးအပ်ခဲ့သည်။
ထိုနောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များက အင်းကုန်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၁၄)ဦးကို ငွေကျပ်(၁၂၅)သိန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၂၀)ဦး ကို ငွေကျပ်(၁၈၇)သိန်းနှင့် အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ (၁၈)ဦး ကို ငွေကျပ်(၁၇၆)သိန်း စုစုပေါင်း အသင်းသူ၊ အသင်းသား (၅၂)ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်(၄၈၈)သိန်းအား အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးခဲ့သည်။
ကာရံ (ကျေးလက်)


