စင်ကာပူ  သြဂုတ်  ၁၈

အများပြည်သူသယ်ယူပို့ဆောင်ရေးကွန်ရက်အတွင်း အီးစီးကရက်သောက်ခြင်းကို  ပြင်းထန်စွာတားမြစ်လိုက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက အမြဲကင်းလှည့် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး အာဏာပိုင် အဖွဲ့က  သြဂုတ်  ၁၈  ရက်တွင် ပြောကြားခဲ့သည်။

အီးစီးကရက်သောက်သူများကို   ဖမ်းဆီးရမိပါက   ၎င်းတို့ကို အများပြည်သူဆိုင်ရာနေရာများမှ ဖယ်ရှားပြီး     အာဏာပိုင်များထံ   သတင်းပေးပို့သွားမည်ဖြစ်သည်။

အရက်မူးနေသူများတွေ့ရှိပါကလည်း ရဲတပ်ဖွဲ့သို့   ဖုန်းခေါ်ဆိုနိုင်ကြောင်း    ကုန်းလမ်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က ဖေ့ဘွတ်စာမျက်နှာတွင်    ရေးသားဖော်ပြထားသည်။

သြဂုတ် ၁၈ ရက်တွင်  တွေ့ရသော အခြားပို့စ်တစ်ခုတွင် သယ်ယူပို့ဆောင်ရေးအော်ပရေတာ SMRT  က အီးစီးကရက်ပြစ်မှုများကို  အာဏာပိုင်များထံ  တိုင်ကြားရန်   ပြည်သူများကို တိုက်တွန်းခဲ့သည်။ 

စင်ကာပူတွင်    အီးစီးကရက်သောက်ခြင်းကို  တရားမဝင်အဖြစ် သတ်မှတ်ထားပြီး  ပြစ်မှုကျူးလွန်သူများသည် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၂၀၀၀(အမေရိကန်ဒေါ်လာ  ၁၅၅၉ ခန့်) အထိ  ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ဆင်ဟွာ