နေပြည်တော်  ၁၃  မတ် 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီး H.E. Ms. Andrea Faulkner နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

el

တွေ့ဆုံစဉ် ကော်မရှင်ဖွဲ့စည်းမှုနှင့် အဖွဲ့ဝင်များ ထပ်မံခန့်ထားမှု၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေမှု၊ မဲစာရင်း ပြုစုရေးအတွက် ဆောင်ရွက်နေမှု၊ ကျား/မ တန်းတူညီမျှရေးအတွက် ဆောင်ရွက်နေမှု၊ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများ ပြင်ဆင်ဆောင်ရွက်မည့် အခြေအနေ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အချိန်ဇယားနှင့် အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက် မဲဆန္ဒရှင်များ ဆန္ဒမဲပေးခွင့်ရရှိရေး ဆောင်ရွက်ထားရှိမှုတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)