မော်လမြိုင် ဩဂုတ် ၁၈

 

၂၀၂၅ ခုနှစ် မွန်ပြည်နယ် ၁၀ မြို့နယ် ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ကာယဗလ (အမျိုးသား) ကီလိုတန်းအလိုက်ယှဉ်ပြိုင်မှု၊ Men Physique ပြိုင်ပွဲယှဉ်ပြိုင်မှုနှင့် Model Physique ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြပြီး ပြိုင်ပွဲတွင်ဆုရရှိသော အားကစားသမားများအား ငွေသားဆုနှင့် ဆုကလပ်များကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်၍ အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့သည်။

စည်သူ(ပြန်/ဆက်)