နေပြည်တော် ဩဂုတ် ၁၈

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ မြန်မာနိုင်ငံ၌သာ ကျက်စားသည့် ဒေသရင်းငှက်မျိုးစိတ် ကိုးမျိုးဖြင့် ထုတ်ဝေခဲ့ပြီးသော တံဆိပ်ခေါင်းများကို တံဆိပ်ခေါင်းစုဆောင်းသူ ဝါသနာရှင်များ တစုတစည်းတည်း စုဆောင်းနိုင်ကြရန် ရည်ရွယ်၍ မြန်မာ့ဒေသရင်းငှက်မျိုးစိတ်အထူးထုတ် ၂၀၀ ကျပ်တန် (၉)လုံးပါ  Block of Stamp စာပို့တံဆိပ်ခေါင်းသစ် တစ်မျိုးကို ၂၀၂၅ ခုနှစ် ဩဂုတ် ၂၀ရက် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ဝါခေါင်လပြည့်ကျော် ၁၂ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၉နာရီခွဲမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးမည်ဖြစ်သည်။

တံဆိပ်ရိုက်နှိပ်ပေး

အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့တွင် ဩဂုတ် ၂၀ရက်(ဗုဒ္ဓဟူးနေ့)တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်သည်။

သတင်းစဉ်