ဂျကာတာ ဩဂုတ် ၁၉
အင်ဒိုနီးရှားနိုင်ငံသည် စားရေရိက္ခာ၊ ဆေးဝါးနှင့် အဝတ်အထည်များအပါအဝင် ကူညီထောက်ပံ့ရေးပစ္စည်း တန်ချိန် ၈၀၀ ကို ဂါဇာကမ်းမြောင်သို့ ပေးပို့လိုက်ကြောင်း စစ်ဘက်အရာရှိတစ်ဦးက ဩဂုတ် ၁၈ ရက်တွင် ပြောသည်။
အင်ဒိုနီးရှားတပ်မတော်မှ ဂါရူဒါမေရာပူတိ ၂ အထူးစစ်ဆင်ရေးတပ်ဖွဲ့သည် C-130J Super Hercules လေယာဉ်နှစ်စင်းအသုံးပြုကာ ဂါဇာဒေသခံများဆီသို့ ကူညီထောက်ပံ့ရေးပစ္စည်းများကို ဩဂုတ် ၁၇ ရက်တွင် လေကြောင်းမှတစ်ဆင့် ပစ်ချပေးပို့ခဲ့ခြစ်ဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ကာကွယ်ရေးသတင်းအချက်အလက်ဆိုင်ရာ ဗျူရိုအကြီးအကဲ ဖရီဂါဝီနာ့စ်အင် ကီရီဝန်က ပြောသည်။
ထို့အပြင် အဆိုပါ အကူအညီများကို နေရာ ၁၀ နေရာသို့ လေကြောင်းမှ ပစ်ချပေးပို့ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။ အင်ဒိုနီးရှားနိုင်ငံသည် ပါလက်စတိုင်းများကို ဆန်တန်ချိန် ၁၀၀၀၀ ပေးပို့ရန်ဆုံးဖြတ်ထားကြောင်း၊ ပဋိပက္ခဖြစ်ပွားမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသော ဂါဇာဒေသခံ ၂၀၀၀ ကိုလည်း ဆေးဝါးကုသမှုများပေးရန် စီစဉ်ထားကြောင်း သိရသည်။
ဆင်ဟွာ


