တိုကျို ဩဂုတ် ၂၀
မိုက်ခရိုဆော့ဖ်ကုမ္ပဏီ ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကလေးငယ်များ ကို ကူညီပေးနိုင်မည့် ကာကွယ်ဆေးထုတ်လုပ်ခြင်း၊ အခြားသောဆေးထုတ်ကုန်များ ထုတ်လုပ်ခြင်းနှင့် သုတေသနလုပ်ငန်းများတွင်ပါဝင်ကြရန် ကမ္ဘာတစ်ဝန်းမှ စီးပွားရေးလုပ်ငန်းရှင်များထံ တောင်းဆိုခဲ့သည်။
ဩဂုတ် ၁၉ ရက်က တိုကျိုမြို့၌ပြုလုပ်သည့် အခမ်းအနားသို့ ကုမ္ပဏီများနှင့် တက္ကသိုလ်များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ တိုကျိုမြို့အနီး ယိုကိုဟားမား၌ ဩဂုတ် ၂၀ ရက်က ပြုလုပ်သည့် အာဖရိကဖွံ့ဖြိုးတိုးတက်ရေး တစ်ကမ္ဘာလုံးဆိုင်ရာ ညီလာခံမတိုင်မီ ဘီလ်ဂိတ်သည် ဂျပန်နိုင်ငံ၌ ရောက်ရှိနေသည်။
ဘီလ်ဂိတ်က ကူးစက်ရောဂါများနှင့် အခြားသော ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ဖွံ့ဖြိုးဆဲနိုင်ငံများ ကိုင်တွယ်ဖြေရှင်းရာတွင် ၎င်းတည်ထောင်ထားသည့် ဖောင်ဒေးရှင်းမှတစ်ဆင့် ကူညီပေးလျက်ရှိသည်ဟု အခမ်းအနားသို့တက်ရောက် လာကြသူများကို ပြောသည်။ ရန်ပုံငွေနှင့် ပတ်သက်သည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
ဥရောပနိုင်ငံများက ဘဏ္ဍာရေးအရထောက်ပံ့ပေးမှုကို ဖြတ်တောက်နေသည့်အတွက် အချို့သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့များသည် ၎င်းတို့၏လုပ်ငန်းဆောင်တာများ ဆက်လက်လုပ်ဆောင်ရန် အခက်အခဲများရှိလာသည်။
အင်န်အိတ်ချ်ကေ


