ဗန်ကောက် ဩဂုတ် ၂၀
၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားခရီးသွား ဧည့်သည် ၂၀ ဒသမ ၈၁ သန်းရှိပြီး ယမန်နှစ်နှင့်နှိုင်းယှဉ်လျှင် ၇ ဒသမ ၀၄ ရာခိုင်နှုန်း ကျဆင်းသွားသည်ဟု ဩဂုတ် ၁၉ ရက်က ထုတ်ပြန်သည့် တရားဝင်အချက်အလက်များအရ သိရသည်။
ဩဂုတ် ၁၇ ရက်အထိ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွားဧည့်သည်များ အနက် တရုတ်နိုင်ငံက ၂ ဒသမ ၉၃ သန်းခန့်ဖြင့် အများဆုံးဖြစ်သည်။ ယင်းနောက်တွင် မလေးရှားက လာရောက်သည့် ခရီးသွား ၂ ဒသမ ၈၇ သန်းဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်း၊ ထို့အပြင် နောက်ထပ်အများဆုံးနိုင်ငံများမှာ အိန္ဒိယ၊ ရုရှားနှင့် တောင်ကိုရီးယားနိုင်ငံတို့မှဖြစ်ကြောင်း ထိုင်းနိုင်ငံ၏ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ထိုင်းနိုင်ငံသည် ယခုနှစ်အတွင်း နိုင်ငံခြားခရီးသွားများထံမှ အခွန်ငွေ အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၇၃ ဘီလီယံရရှိပြီးဖြစ်သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ခရီးသွားလုပ်ငန်းသည် ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားလည်းဖြစ်ပြီး နိုင်ငံ့ ဂျီဒီပီ၏ ၁၄ ဒသမ ၇၁ ရာခိုင်နှုန်းရှိသည်။ ခရီးသွားလုပ်ငန်းမှ အလုပ်အကိုင်ရရှိမှုမှာလည်း ၁၁ ဒသမ ၉၈ ရာခိုင်နှုန်းရှိသည်။
ဆင်ဟွာ


