တောင်ကြီး သြဂုတ် ၂၀
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက တောင်ကြီးမြို့ ဘက်စုံသုံး ပြည်နယ် လေ့ကျင့်ရေးရုံ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်အားပေးကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က လာရောက်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် အားကစား စိတ်ဓာတ်အပြည့်အဝဖြင့် အသန့်ရှင်းဆုံး ယှဉ်ပြိုင်သွားကြရန်၊ ပြိုင်ပွဲ စည်းမျဉ်း၊ စည်းကမ်းများကို လေးစာလိုက်နာကြပြီး ယခုပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်က အားထားရသည့် ထူးချွန်သည့် လက်ရွေးစင်အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက အမှာစကားပြောကြား၍ တိုင်းဒေသကြီးနှင့် ပြည်နယ် ဖူဆယ် (အမျိုးသား)ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ အဖွင့်ပွဲစဉ်အဖြစ် ရှမ်းပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။
ပြိုင်ပွဲအပြီးတွင် ရှမ်းပြည်နယ်အသင်းက လေးဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိသွားကြောင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဖူဆယ်(အမျိုးသား)ပြိုင်ပွဲကို သြဂုတ် ၂၀ မှ ၂၇ ရက်အထိ ဆက်လက်ကျင်းပမည်ဖြစ်ပြီး မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


