နေပြည်တော် ၁၃ မတ်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် ဆွစ်ဇာလန်နိုင်ငံ Bank for International Settlements(BIS)မှ Head of Back Office Controls၊ Mr. Laurent Niaufre နှင့်အဖွဲ့အား ယနေ့နံနက်(၁၁)နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ကံ့ကော်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးစဉ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် BIS တို့ကြားဘဏ်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများ၊ FinTech ၏ တိုးတက်မှုများနှင့် စည်းမျဉ်း ထိန်းကျောင်းမှုဆိုင်ရာများ၊ ခေတ်မီငွေပေးချေမှုနည်းလမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


