နေပြည်တော် ဩဂုတ် ၂၀

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဦးပေါ်လွင်စိန် ဦးဆောင်သော ဥက္ကဋ္ဌ အဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂(င)၊၄၃ ပြဋ္ဌာန်းချက်များနှင့်အညီ ယနေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ရန်ကုန် တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိနှင်းဆီကုန်းဘိုးဘွားရိပ်သာတွင် စောင့်ရှောက်ထားသော ဘိုးဘွားများကို အခြေခံလူ့အခွင့်အရေး ဖြစ်သော လွတ်လပ်မှု၊ မျှတမှု ရှိ၊ မရှိနှင့် သက်ဆိုင်သည့် အပြည် ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ လူသားချင်း စာနာထောက်ထားမှု ကို အခြေခံ၍ စောင့်ရှောက်ထားခြင်း ရှိ၊ မရှိ သွားရောက်၍ ကြည့်ရှု စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

ဦးစွာ နှင်းဆီကုန်းဘိုးဘွား ရိပ်သာရှိ ဆေးရုံဆောင်၌ ဆေးရုံ တက်ရောက်ကုသမှု ခံယူနေသော အဘိုးအဘွားများနှင့် ဓမ္မာရုံတွင် ဝတ်ပြုကိုးကွယ်နေသူ အဘိုး အဘွားများကို သွားရောက်တွေ့ဆုံ၍ ကျန်းမာရေးစောင့်ရှောက်ပေး နေမှု၊ အစားအစာနှင့် အာဟာရ ဖြည့်ဆည်းကျွေးမွေးမှု၊ သန့်ရှင်း သော သောက်ရေနှင့် သုံးရေရရှိဆောင်ရွက်ပေးနေမှု၊ စေရန် လွတ်လပ်စွာ ယုံကြည်ကိုးကွယ် နိုင်မှု၊ ဘိုးဘွားအိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ စားဖို ဆောင်များ၊ ကျန်းမာရေးနှင့် ညီညွတ်အောင် ဆောင်ရွက်ထား ရှိမှု၊ ဘိုးဘွားများ အနားယူအပန်း ဖြေရန် စီစဉ်ဆောင်ရွက်ပေးထား မှု၊ ပင်စင်ရ အဘိုး၊ အဘွားများ အနေဖြင့် ပင်စင်လစာထုတ်ယူမှု အဆင်ပြေခြင်း ရှိ၊ မရှိ အခြေအနေ နှင့် အသက်(၈၅)နှစ် ပြည့်ပြီးသော သက်ကြီး အဘိုး၊ အဘွားများကို လူမှုရေးပင်စင် ထောက်ပံ့ကြေး ရရှိရေး ဆောင်ရွက်ပေးမှု အခြေ အနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့ပြင် ရိပ်သာတွင် ပြုစုစောင့် ရှောက်ထားသည့် ဘိုးဘွားများ၏ ကာယသုခ၊ စိတ္တသုခ ပြည့်ဝစေပြီး လောကီ၊ လောကုတ္တရာနှစ်ဖြာ သော အကျိုးရရှိရေး စီစဉ်ဆောင် ရွက်ပေးထားမှုများကို ကြည့်ရှု မေးမြန်းခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌက ရိပ်သာ၌ လက်ခံစောင့်ရှောက် ထားသော အဘိုးအဘွားစုစုပေါင်း ၁၂၇ ဦးကို နွေးထွေးပျူငှာစွာ အာပေးစကားများ ပြောကြားသည်။

အဆိုပါအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်