မအူပင် ဩဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများသည် ၂၀၂၅-၂၀၂၆ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP)ဖြင့် ဆောင်ရွက်နေသည့် အလယ်ပိုင်းကျေးရွာ၏ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းပြီးစီးမှု အခြေအနေများကို ဩဂုတ် ၂၁ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံအင်ဂျင်နီယာဝန်ထမ်းများသည် အလယ်ပိုင်းကျေးရွာရှိ ကျေးရွာတွင်း ကွန်ကရစ်လမ်း ရာနှုန်းပြည့်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များ၊ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံ၍ ကျေးရွာကော်မတီဝင်တစ်ဦးက စီမံကိန်း စီမံချက်ပါ ဦးစားပေးလုပ်ငန်းများနှင့် ကျေးရွာလိုအပ်ချက်များအား ရှင်းလင်း တင်ပြရာ မြို့နယ်ဦးစီးမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံအောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါ ကွန်ကရစ်လမ်းသည် အရှည်ပေ ၆၀၀၊ အကျယ် ၇ပေ၊ ဒု ၆လက်မရှိပြီး ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ပံ့ပိုးရန်ပုံငွေကျပ်သိန်း(၁၅၀)နှင့် ကျေးရွာပြည်သူ ထည့်ဝင်ငွေ ကျပ်သိန်း (၃၀)ကို အသုံးပြုကာ မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ ကွင်းဆင်းကြီးကြပ်မှု၊ နည်းပညာပံ့ပိုးမှုတို့ဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
စိန်လွင် (ကျေးလက်)


