ဩဂုတ် ၂၁

နိုင်ဂျာနိုင်ငံတွင် ယခုနှစ် ဩဂုတ် ၂၀ ရက်အထိ မိုးများသည်းထန်စွာရွာသွန်မှုကြောင့် သေဆုံးသူ ၄၇ ဦးထက်မနည်းရှိပြီး အခြား ၇၀ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးညွှန်ကြားမှုဦးစီးဌာန ဒီဂျီပီစီက ယမန်နေ့ကပြောကြားသည်။

အဆိုပါထိခိုက်ဒဏ်ရာရသေဆုံးသူများသည် နေအိမ်အများစုသည် ရွှံ့မြေများဖြင့်တည်ဆောက်ထားခြင်း သို့မဟုတ် နစ်မြုပ်ခြင်း၊ ၎င်းတို့၏နေအိမ်များပြိုကျမှုကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိမ်ထောင်စု ၇၇၅၄ ထိခိုက်ခဲ့ပြီး ကျွဲ၊ နွားကောင်ရေ ၂၅၇ ကောင် သေဆုံးခဲ့သည်။

၂၀၂၄ ခုနှစ်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၃၉၆ ဦး သေဆုံးခဲ့ပြီး အိမ်ထောင်စု ၂၀၆၄၇၄ ထိခိုက်မှုရှိကာ နေအိမ်အလုံးပေါင်း ၁၅၈၇၆၇ လုံး ပျက်စီးခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို