အာဆင်နယ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်း တိုက်စစ်မှူး အက်ဇီအား ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။
မြောက်လန်ဒန်ပြိုင်ဘက် စပါးအသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပေမယ့် တိုက်စစ်မှူးအက်ဇီကတော့ လူငယ်ကစားသမားဘဝ စတင်ခဲ့တဲ့ အာဆင်နယ်အသင်းဆီကိုသာ ပြောင်းရွှေ့ကစားဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ အသင်းရဲ့တိုက်စစ်မှူး ကိုင်ဟာဗက်ဇ် ဒူးဒဏ်ရာရရှိနေတာကြောင့် လိုအပ်နေတဲ့တိုက်စစ်နေရာအတွက် တိုက်စစ်မှူးအက်ဇီကို ကနဦးပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ အပြင် အပိုဆုကြေးအဖြစ် ပေါင်ရှစ်သန်းထပ်ဆောင်းပေးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ တိုက်စစ်မှူးအက်ဇီအနေနဲ့ အာဆင်နယ်အသင်းနဲ့ သဘောတူညီမှုရရှိထားပြီ ဖြစ်တာကြောင့် အပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းမယ့် စက်တင်ဘာ ၁ ရက်မတိုင်မီ အာဆင်နယ် အသင်းဆီ ပြောင်းရွှေ့လာဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
တိုက်စစ်မှူးအက်ဇီဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက မန်စီးတီးအသင်းကို အနိုင်ရပြီး ခရစ္စတယ် ပဲလေ့စ်အသင်း ဗိုလ်စွဲခဲ့တဲ့ အက်ဖ်အေဖလားနောက်ဆုံးဗိုလ်လုပွဲစဉ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုး အပါအဝင် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့အတူ ပြိုင်ပွဲစုံသွင်းဂိုး ၁၄ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ တိုက်စစ်မှူး အက်ဇီဟာ ၂၀၂၀ ပြည့်နှစ်က ကျူပီအာအသင်းကနေ ခရစ္စတယ်ပဲလေ့စ်အသင်းသို့ ပေါင် ၁၉ ဒသမ ၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
ငွေကြယ်


