နယူးဒေလီ  သြဂုတ် ၂၁

အိန္ဒိယလွှတ်တော်သည် ငွေကြေးနှင့်ပတ်သက်သော အွန်လိုင်းဂိမ်းများကို တားမြစ်သည့် ဥပဒေကြမ်းကို အတည်ပြုခဲ့ကြောင်း တာဝန်ရှိသူများက သြဂုတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်။

အွန်လိုင်းဂိမ်းဥပဒေကြမ်း ၂၀၂၅ သည် အွန်လိုင်း ငွေကြေးလောင်းကစားခြင်းဆိုင်ရာ   ဝန်ဆောင်မှုများ၊  ကြော်ငြာများနှင့်     ၎င်းတို့နှင့်  သက်ဆိုင်သည့်   ငွေကြေးလွှဲပြောင်းမှုများကို  တားမြစ်ထားသည်။

အောက်လွှတ်တော်က သြဂုတ် ၂၀ ရက်တွင် အတည်ပြုခဲ့သော အဆိုပါဥပဒေကြမ်းကို  အထက်လွှတ်တော်က   သြဂုတ် ၂၁ ရက်တွင်   အတည်ပြုခဲ့သည်။

၎င်းဥပဒေသည်   အွန်လိုင်းငွေကြေးလောင်းကစားခြင်းဆိုင်ရာ ကြော်ငြာများနှင့် အဆိုပါဂိမ်းများအတွက်     ငွေကြေးဆိုင်ရာအဖွဲ့အစည်းများနှင့် ဘားဘဏ် (ငွေကြေးချေးယူနိုင်ရန် ဘား သို့မဟုတ်  ဖျော်ဖြေရေးအဆောက်အအုံရှိ ငွေကြေးဝန်‌ဆောင်မှု နေရာ)များမှ ငွေကြေးလွှဲပြောင်းပေးခြင်း သို့မဟုတ် အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးခြင်းတို့ကို တားမြစ်ပိတ်ပင်သွားမည်ဖြစ်သည်။      

ကျွမ်းကျင်ပညာရှင်များက လူများသည် ပိုမိုမြင့်မားသော အမြတ်အစွန်းများရရှိရန် မျှော်မှန်းချက်ဖြင့် ငွေကြေးအပ်နှံစိုက်ထည့်ခြင်းဖြင့် အွန်လိုင်း‌လောင်းကစားဂိမ်းများကို ကစားကြသည်ဟု ပြောသည်။

အဆိုပါဥပဒေသည် အွန်လိုင်းလောင်းကစားဂိမ်းကစားခြင်းအတွက် သုံးနှစ်အထိ  ထောင်ဒဏ်နှင့် သို့မဟုတ် ဒဏ်ငွေအိန္ဒိယရူပီး ၁၀ သန်း (အမေရိကန် ဒေါ်လာ ၁၁၄၆၀၀) အထိ အပြစ်ပေးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

အွန်လိုင်းလောင်းကစားဂိမ်းစွဲခြင်းသည် ဆေးစွဲခြင်းနှင့်အလားတူပြီး ကြောက်စရာအလွန်ကောင်း သည်။ ဖြတ်ရန် မလွယ်ကူပေ။ အွန်လိုင်းလောင်းကစား ဂိမ်းနောက်ကွယ်ရှိ    သြဇာတိက္ကမကြီးမားသူများသည် အဆိုပါဥပဒေကို  လူမှုမီဒီယာလှုပ်ရှားမှုများ ပြုလုပ်ပြီး စိန်ခေါ်လျက်ရှိသည်။         

ဆင်ဟွာ