ရန်ကုန် သြဂုတ် ၂၁

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ကွပ်ကဲမှု အောက်ရှိ မြို့နယ်များတွင် အများ ပြည်သူ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး လုပ်ငန်းစဉ်များ၊ ရေကြီးရေလျှံမှုများကြောင့် ဖြစ် ပေါ်လာနိုင်သည့် လျှပ်စစ်အန္တရာယ် များနှင့်ပတ်သက်၍ အသိပညာ ပေးဟောပြောခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ခြင်းများ ဆောင်ရွက်လျက်ရှိရာ သြဂုတ်၂၀ ရက် နံနက် ၁၀ နာရီက လှိုင်မြို့နယ် အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်း သပြေ ခန်းမ၌ ဆောင်ရွက်သည်။

ယင်းနောက် ခရိုင်လျှပ်စစ် အင်ဂျင်နီယာ ဦးသိုက်ထွန်းမောင် နှင့် မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမင်းခိုင်တို့က လျှပ်စစ်အန္တရာယ် ဆိုင်ရာများကို ဟောပြောမျှဝေခဲ့ ကြောင်း သိရသည်။

 ဦးငယ်